ဆက်သွယ်ရေးစက်ကိရိယာနှင့်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်နှင့်စမ်းသပ်ပြသခွင့်လိုင်စင်၊
ဆက်သွယ်ရေးစက်ပစ္စည်းပြင်ဆင်ခွင့်လိုင်စင်အား Online ဖြင့် လျှောက်ထားရာတွင်
ကုမ္ပဏီများအနေဖြင့် လိုက်နာရမည့်စည်းကမ်းချက်များ
၁။ လျှောက်ထားမည့်ကုမ္ပဏီသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည်။
၂။ ကုမ္ပဏီများအနေဖြင့် လိုင်စင်လျှောက်ထားရန်အတွက် အကောင့်ဖွင့်ရမည် ဖြစ်သည်။
၃။ လျှောက်ထားသူသည် မန်နေဂျင်းဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီမှလျှောက်ထားရန် တာဝန် ပေးအပ်ထားသူသာ ဖြစ်ရမည်။
၄။ အမှန်တကယ်လုပ်ငန်းလုပ်ဆောင်မည့် ကုမ္ပဏီအတွက်သာ လျှောက်ထားခြင်းဖြစ်ရမည်။
၅။ လျှောက်ထားသူသည် ဖြည့်စွက်ထားသော လျှောက်ထားချက်အား အပြည့်အဝ တာဝန်ယူရမည်။
၆။ လိုင်စင်အခကြေးငွေများမှာ ရောင်းဝယ်ခွင့်လိုင်စင်အတွက် တစ်သိန်းကျပ်၊ စမ်းသပ်ပြသခွင့် လိုင်စင်အတွက် တစ်သောင်းကျပ်နှင့် ပြင်ဆင်ခွင့်လိုင်စင်အတွက် ငါးသောင်းကျပ်ဖြစ်ပြီး အဆိုပါ လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပါသောကြောင့် လိုင်စင်သက်တမ်း တစ်နှစ် ကုန်ဆုံးပါက သက်တမ်းထပ်မံတိုးခြင်းကို မပျက်မကွက် ဆောင်ရွက်ရပါမည်။
၇။ လိုင်စင်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာခြင်းမရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လက်ခံသွားမည်ဟု ဝန်ခံကတိပြုပါသည်။